Posts

Showing posts from May, 2023

ကလေးတွေကို စကားလုံးလေးတွေ သတ်ပုံသင်တော့မယ်ဆိုရင် အဆင့် ( ၆ ) ဆင့်နဲ့ သင်ရပါမယ်

Image
ကလေးတွေကို စကားလုံးလေးတွေ သတ်ပုံသင်တော့မယ်ဆိုရင် အဆင့် ( ၆ ) ဆင့်နဲ့ သင်ရပါမယ်။ ၁။ သင်မယ့် စကားလုံးကို ဗျည်းသံ ၊ သရသံ ခွဲခိုင်းပါ။ သူ ပညာ ထူး၏။ သူ  ဗျည်းသံ / သ / သရသံ / အူ / သ + အူ / သူ/ ပဉ် ဗျည်းသံ / ပြ / သရသံ / အင် / ပြ + အင် / ပြင်/ ဉာ ဗျည်းသံ / ည / သရသံ / အာ / ည + အာ / ဉာ / ထူး ဗျည်းသံ / ထ / သရသံ / အူး / ထ + အူး = ထူး ၏ ဗျည်းသံ မရှိ သရသံ / အိ/ ၂။ အသံထွက်နည်း ဖြင့် ဆိုခိုင်းပါ။ သအူ သူ ပြအင် ပြင် ည အာ ညာ ထအူး ထူး အိ သူ ပညာ ထူး၏။ /သူပြင်ညာထူးအိ / ၃။ အသံ ဘယ်နှစ်သံပါသလဲ ခွဲခိုင်းပါ။ သူ  ပြင် ညာ ထူး အိ အသံ (၅) သံ ၄။ အသံ တစ်သံချင်းစီကို စာလုံးပေါင်းခိုင်းပါ။ သူ သ ရေး နှစ်ချောင်းငင် သူ ပဉ် ပစောက် ရေး ဉကလေးသတ် ပြင် ဉာ ဉကလေး ရေးချာ့ ညာ ထူး ထဆင်ထူး ရေး နှစ်ချောင်းငင် ဝစ္စနှစ်လုံးပေါက်ထူး ၏ အက္ခရာ အိ သူ ပညာထူး ၏။ ၅။ ကြည့်ဆိုနည်းဖြင့် ဆိုခိုင်းပါ။ သူ ပညာ ထူး၏။ ၆။ လက်ရေးလှ လေ့ကျင့်ပါ။ အဆင်ပြေကြပါစေ။ #Crd

ဆရာ/မတိုင်း.... သိထားသင့်တဲ့အချက်များ

Image
ဆရာ/မတိုင်း.... သိထားသင့်တယ်လို့ထင်ပါတယ်.....ရှင့်☺ #crdphoto

G12စနှစ်သစ်မေးခွန်းပုံစံ

Image
G12စနှစ်သစ်မေးခွန်းပုံစံ က အလွတ်ကျက် သိတာရေး ပုံစံပြန်သွားနေပြီလား???စနှစ်ဟောင်းမေးခွန်းက မှ လက်တွေ့ပိုင်း မှာ သိမှု့နယ်မြေ၊နားလည်မှု့၊အသုံးချမှု၊စဥ်းစားတွေးခေါ်နိုင်မှု့၊လက်တွေ့အသုံးချနိုင်မှု့ကို စစ်ဆေးသည့် စကေး/ကောင်းကင်ဓါတ်ပုံ/ကွန်တိုပိုင်းကိုစစ်ထားသေးတယ် ။ G 12လက်တွေ့ ကျက်ဖြေရမှာတော့ သဘာဝ မကျပါ ။ဝေဖန်အကြုံချက်မှား က ခွင့်လွှတ်ပါ။ မေးခွန်းပုံစံ ပေးပို့သောဆရာမကြီးတို့အားကျေးဇူးပါ။ဂြိုလ်တုဓါတ်ပုံတစ်ခုပေးပြီး စံ္(8)ချက်သုံး၍ ပုံရိပ်ဖတ်တာလောက်တော့ ပါလာလိမ့်မယ်ထင်မိ။လိုအပ်သူများ​​လေ့လာဖို့တင်​ပေးထားပါသည်။ မူရင်းတင်​ပေးထားသူများကို​ကျေးဇူးတင်ပါသည်

ပညာရေးဝန်ထမ်း ဆရာ/မများအတွက် ကျောင်းခေါ်ကြိမ် ( က ) စာရင်း ရေးသွင်းတာကို လေ့လာဖို့ တင်ပေးလိုက်ပါတယ်

Image
ပညာရေးဝန်ထမ်း ဆရာ/မများအတွက်  ကျောင်းခေါ်ကြိမ် ( က ) စာရင်း ရေးသွင်းတာကို လေ့လာဖို့ တင်ပေးလိုက်ပါတယ်  ကလေးတွေရဲ့ အရပ်အမြင့် ကိုယ်အလေးချိန်  မိဘဖုန်းနံပါတ်တွေကိုတော့ သီးခြားမှတ်တမ်း ထားပါတယ်  တပည့်မှတ်တမ်းကို ရှေ့ဆုံးမှာ တွဲပါတယ်  အတန်းပိုင်ကိုယ်ရေးမှတ်တမ်းရေးပြီး  ဓာတ်ပုံကပ်ပါတယ်  လချုပ်နဲ့  ၃ လပတ်ချုပ် ချုပ်ပါတယ်  ကျောင်းခေါ်ကြိမ်အဆင့်သတ်မှတ်ချက်အရ  ရာခိုင်နှုန်းရှာပြီး A,B,C,D ဖြည့်ပါတယ် ကျောင်းခေါ်ကြိမ်က  ပညာရေးကောလိပ် စာအုပ်အရ  အလယ်တန်းနဲ့ အထက်တန်းအတွက်  85% မှ 100% ထိ = A  80% မှ   84% ထိ = B   75% မှ   79% ထိ = C  74% နှင့်အောက်   = D ဖြစ်ပါတယ်  မူလတန်းအတွက်  80% မှ 100% ထိ  = A  75% မှ   79% ထိ  = B  74% နှင့် အောက်   = C ဖြစ်ပါတယ်  လေ့လာပေးပါ လိုအပ်တာ ဖြည့်စွက်ပေးပါ  ကျေးဇူးတင်ပါတယ်