Posts

Showing posts from December, 2022

"မှတ်သားလေ့လာစရာ လ,ရာသီ ဗဟုသုတလေးတွေပါ...”

Image
 "မှတ်သားလေ့လာစရာ လ,ရာသီ ဗဟုသုတလေးတွေပါ...”  ______________ တန်ခူးလ ရာသီလအမည်= တန်ခူးလ ရာသီအမည်= မိဿရာသီ ရာသီပွဲတော်= သင်္ကြန်ပွဲ ရာသီပန်း= ကံ့ကော်ပန်း စန်းယှဉ်နက္ခတ်= စိတြနက္ခတ် ရာသီရုပ် = ဆိတ်ရုပ် တာရာ= တံငါတာရာ ရက်= ရက်မစုံလ (၂၉ရက်) ရက်ရာဇာ= ဗုဒ္ဓဟူးနှင့်သောကြာ ပြဿဒါး= ကြာသပတေးနှင့်စနေ နဂါးခေါင်း= အနောက်သို့လှည့်၏။ _______________________ ကဆုန်လ ရာသီလအမည်= ကဆုန်လ  ရာသီအမည်= ပြဿရာသီ ရာသီပွဲတော်= ညောင်ရေသွန်းပွဲတော် ရာသီပန်း= စံကားပန်း စန်းယှဉ်နက္ခတ်= ဝိသာခါနက္ခတ် ရာသီရုပ် = နွားလားဥဿဘရုပ် တာရာ= တံငါတာရာ ရက်= ရက်စုံ (၃၀)ရက် ရက်ရာဇာ= ကြာသပတေးနှင့်စနေ ပြဿဒါး= ဗုဒ္ဓဟူးနှင့်သောကြာ နဂါးခေါင်း= အနောက်သို့လှည့်၏။ _______________________ နယုန်လ ရာသီလအမည်= နယုန်လ ရာသီအမည်= မေထုန်ရာသီ ရာသီပွဲတော်= စာတော်ပြန်ပွဲ ရာသီပန်း= စံပယ်ပန်း စန်းယှဉ်နက္ခတ်= ဇေဋ္ဌနှင့်မိဂသီ ရာသီရုပ် = မိန်းမ၊ ယောက်ျားစုံတွဲရုပ် တာရာ= မြင်းတာရာ ရက်= ရက်မစုံ (၂၉)ရက် ရက်ရာဇာ= အင်္ဂါနှင့်ကြာသပတေး ပြဿဒါး= တနင်္ဂနွေ၊ တနင်္လာ နဂါးခေါင်း= မြောက်ဘက်သို့လှည့်၏။ _______________________ ဝါဆိုလ ရာသီလအမည်= ဝါဆိုလ ရာသီအမည်=...

မြတ်ပညာ စာစီစာကုံးများ

Image
 

Phonetics အသံထွက် ဖတ်နည်းလမ်းညွှန်

Image
 Phonetics အသံထွက် ဖတ်နည်းလမ်းညွှန် Pronunciation Symbols (အသံထွက်သင်္ကေတများ) အသံထွက်သင်္ကေတများကို 1. Vowel sounds a) Short Vowels b) Long Vowels 2. Diphthongs 3. Consonant sounds ဟူ၍ အောက်ပါအတိုင်း အဆင့် အဆင့်ခွဲထားပါသည်။ (1) Vowel sounds (သရသံများ) သရသံများတွင် short vowels အသံတိုနှင့် long vowels အသံရှည်ဟူ၍ အသံနှစ်မျိုးရှိသည်။ a) short vowels (သရသံတိုများ) အောက်ပါအသံများကို တိုတိုပြတ်ပြတ် ဖတ်ရမည်။ ɪ /အစ်/ /အင်/ e /အက်/ /အဲ/ æ /အဲ/ /အဲ့/ ʌ /အပ်/ ɒ /အော/ /အော့/ ʊ /အွတ်/ ə /အ/ /အာ/ /အယ်/ i /အီ/ u /အူ/ သတိ - ʊ နှင့် u တို့သည် ခပ်ဆင်ဆင်တူသဖြင့် မှားတတ်သ ည်။ b) Long vowels (သရသံရှည်များ) အောက်ပါအသံများကို ရှည်ရှည်ဆွဲ၍ ဖတ်ရမည်။ iː /အီး/ ɑː /အား/ ɔː /အေား/ uː /အူး/ ɜː (UK) / ɝː (US) /အား/ ɚ (US) /အာ/ (2) diphthongs (သရတွဲများ) အောက်ပါအသံများကို (တွဲဖက်၍၊ ဆက်၍) မြန်မြန်၊ သွက် သွက် ရွတ်ဆိုရမည်။ eɪ /အေး/ aɪ /အိုင်း/ ɔɪ /အွိုင်း/ əʊ /အိုး/ (British English) oʊ /အိုး/ (American English) aʊ /အောင်း/ ɪə /အစ်အာ/ /အစ်ယာ/ eə /အဲအာ/ /အဲယာ/ (UK) ʊə /အွတ်အာ/ /အွတ်ယာ/ (US) aɪə /အိုင်းအာ/ /အိုင်းယာ/...

ရောမဂဏန်းသင်္ချာရေးနည်းများနှင့် သင်္ချာဆိုင်ရာအသုံးနှုန်းများ

Image
 

Punctuation marks

Image
 

✍️ ဝိုက်ချ နှင့် မောက်ချ ✍️

Image
✍️ ဝိုက်ချ နှင့် မောက်ချ ✍️ မြန်မာစာပေမှာ စည်းစနစ်ရှိပါတယ်။ ငါးဂိုဒေါင် ခိုပျံဝဲ  ခြောက်လုံးမောက်ချဆွဲ။ ရေးချ နှစ်မျိုးဖြစ်တဲ့  ဝိုက်ချ (---ာ) နဲ့ မောက်ချ ( ---ါ ) သင်ရင်းနဲ့ပေါ့။ မောက်ချနဲ့  ရေးရမှာက ၆ လုံးပဲရှိတယ်။ ခ ဂ င ဒ ပ ဝ။ ခါ ဂါ ငါ ဒါ ပါ ဝါ။ ကျန်တာအားလုံး ဝိုက်ချပဲ။ ဓအောက်ချိုက်ကို  မောက်ချနဲ့ ရေးနေတာ အမှားပါ။ (ဓါတု၊ ဓါတ်ပုံ) တို့ကို ဝိုက်ချနဲ့ပဲ ရေးရမှာပါ (ဓာတု၊ ဓာတ်ပုံ) သာ အမှန်ပါ။  ဘာနဲ့မှ မှားစရာမရှိဘူး။ ခကွေးကို ဝိုက်ချနဲ့ ရေးရင် ->  ဆလိမ်နဲ့  မှားနိုင်ပါတယ်။  ဂ ငယ် ဝိုက်ချနဲ့  ရေးရင် -> ကကြီးနဲ့  မှားနိုင်ပါတယ်။  င ဝိုက်ချနဲ့  ရေးရင် -> ကကြီးနဲ့  မှားနိုင်ပါတယ်။ ဒ ဝိုက်ချနဲ့ ရေးရင် -> အနဲ့  မှားနိုင်ပါတယ်။  ပ ဝိုက်ချနဲ့ရေးရင် ->  ဟနဲ့  မှားနိုင်ပါတယ်။  ဝလုံး ဝိုက်ချနဲ့ ရေးရင် -> တဝမ်းပူနဲ့  မှားနိုင်ပါတယ်။  အဲလိုတွေ မမှားအောင်  တို့မြန်မာစာမှာ  ရေးချ နှစ်မျိုး သတ်မှတ်ခဲ့တာ  ( ာ ) (ဝိုက်ချ) နဲ့  (  ါ ) ( မောက်ချ) ခါ။ ဂါ။ ငါ။ဒါ။  ...